Color Bubble Game With Opencv

ကျွန်တော်ဒီtutorial လေးကိုရေးဖြစ်သွားတာက game ကစားနေရင်းနဲ့ ငါ့blog reader တွေလဲ ဒါမျိုးလေးသိချင်မယ်ထင်လို့ပါ။အဲ့တော့ ဒီနေ့မှာ color bubble  လို့နာမည်ပေးထားတဲ့ game လေးကို  computer vision beginners တွေအတွက် အသုံးဝင်မယ်ထင်ပါတယ်။

ဒီ tutorial မှာ သုံးသွားတာတွေကတော့

  • Opencv-for image processing
  • Dlib-facial landmark detection

ကျွန်တော်တို့ video ကို ကြည့်မယ်ဆို နှာခေါင်းပေါ်မှာ စက်ဝိုင်းဆွဲထားတာတွေ့ရမှာပါ။အဲ့လို နှာခေါင်းဘယ်နားမှာရှိလဲဆိုတာသိဖို့ dlib ကိုသုံးရပါတယ်။dlib သည် ဒီထက်အသုံးဝင်တာအများကြီးပါ။facial landmark detection တစ်ခုထဲမဟုတ်ပါဘူး။ထားပါ ဒီပို့စ်မှာ ဘယ်လိုမှအကုန်ပြောဖို့အဆင်မပြေဘူး။ဒီမှာ opencv ကိုသုံးသွားတယ် image processing အတွက်။ပြီးတော့ စလေ့လာတဲ့သူတွေကို မှာချင်တာက အရမ်းတွေ deep learning တို့ကို အားမသန်ပါနဲ့ဦး traditional computer vision ကိုလေ့လာပါဦး။ကျွန်တော်တွေ့တွေ့နေရလို့ပါ။တူနဲ့ပြီးမယ့် ကိစတွေမှာ သေနတ်တွေဘာတွေမသုံးပါနဲ့။

အဲ့တော့ ကျွန်တော်တို့ ပထမဆုံး လိုအပ်တာတွေ import လုပ်ရမယ်။imutils သည် image resize နဲ့ တခြား utility တွေတော်တော်ပါဝင်တော့ အရမ်းအသုံးဝင်ပါတယ်။ပြီးရင်တော့ random ကတော့ bubble တွေ ကျချင်တဲ့ နေရာက ကျလာအောင် random လုပ်ဖို့ပါ။

ပြီးတော့ function နှစ်ခုရှိတယ် တစ်ခုကတော့ ကျလာတဲ့ bubble နဲ့ ကျွန်တော်တို့ နှာခေါင်းက ဟာလေးနဲ့ တိုက်မိလားကြည့်ဖို့ပါ။နောက်တစ်ခုကတော့ bubble တွေကို ဆွဲဖို့ပါ။အရမ်းစိတ်မပူပါနဲ့ အောက်က code နဲ့တွဲကြည့်ရင် နားလည်သွားပါမယ်။

ကျွန်တော်တို့ dlib ကိုသုံးမှာမို့လို့ dlib detector ကိုယူလိုက်ပါတယ်။ပြီးတော့ facial landmark တွေသိရအောင်လို့ predictor ကို ခေါ်ရပါတယ်။ဒီမှာ ကျွန်တော်သည် 68 landmarks ကိုသုံးထားပါတယ်။မလိုတော့မလိုပါဘူး။ဒီထက်သေးတဲ့ landmark file ရှိပါတယ်။ပိုမြန်တာပေါ့ သေးတာသုံးမယ်ဆို။

ပြီးတော့ ကျွန်တော်တို့ colors တွေကတော့ ဒီမှာ သုံးခုပဲပေါ့ blue green red နဲ့ တွက်ရပါမယ်။opencv သည် color format ကို bgr နဲ့သွားပါတယ်။အဲ့တော့ ကျွန်တော်တို့ color list ထဲမှာ [red,green,blue]ရှိနေမှာပါ။နာက်တစ်ခုကတော့ color index နဲ့ color for mark ပါ။ color index ကတော့ ကျလာတဲ့ ဘောလုံးတွေအတွက် random color ကို colors list ထဲကနေယူမှာပါ။color for mark ကတော့ နှာခေါင်းက mark လေးက ကျလာတဲ့ bubble နဲ့ထိသွားရင် ပြန်ပြီး အရောင်ချိန်းသွားအောင် random လုပ်ယူဖို့ပါ။

ကျွန်တော်တို့ ပြီးတော့ webcam camera ကိုယူတယ်။program runနေတဲ့အထိ webcam က data ယူရမှာမို့ while True: နဲ့ပတ်လိုက်ပြီး frame ကိုရယူလိုက်ပါတယ်။အဲ့ frame ကို gray color ပြောင်းရတာက detect လုပ်ရမှာကပိုလွယ်သွားပါတယ်။ပြီးတော့ detector နဲ့ detect လုပ်ပြီး ရလာတဲ့ face ပေါ်မှာမှ predictor နဲ့ predict လုပ်လိုက်တော့ facial landmark တွေရလာပါတယ်။အဲ့ကမှ shape[30] ဆိုတာက 68 landmarks  လို့ကျွန်တော်ပြောခဲ့ပါတယ်။ဒီမှာ 30 နေရာသည် နှာခေါင်းအပေါ်ကို ပြောတာပါ။အဲ့တာကြောင့် ၃၀ နဲ့ နှာခေါင်းအပေါ်နေရာကို ယူပြီး circle ဆွဲလိုက်ပါတယ်။ဒါဆို နှာခေါင်းပေါ်တော့ circle ဆွဲပြီးပြီမို့ အပေါ်ကနေ ကျလာအောင် ဆွဲဖို့ပဲကျန်ပါတယ်။

ကျွန်တော်တို့ ဒီမှာ သိထားရမှာက ကျွန်တော်တို့ color bubble သည် အပေါ်ကနေ ကျလာမှာမို့လို့ တဖြေးဖြေး ၁၀ တိုးပြီး ဆင်းခိုင်းတာပါ။ပြီးတော့ is_collide function ကိုကြည့်မယ်ဆို ကျွန်တော်တို့ လက်ရှိဆွဲလိုက်တဲ့ color bubble ရဲ့ x,y coordinateနဲ့ နှာခေါင်းက circle ရဲ့ x,y coordinate တို့ တိုက်မိတယ်ဆို ကျွန်တော်တို့က အမှတ်ကိုတိုးပေးလိုက်ပြီး ဆွဲတဲ့ နေရာတွေကို နဂိုတိုင်းပြန်ထားတာပါ။drawx ကို random လုပ်လိုက်ောတ့ နောက်တစ်နေရာကနေ ထပ်ကျလာမှာပါ။color တွေလဲချိန်းမှာမို့ အားလုံးကို random ပြန်ခေါက်ပြီး အောက်က ဆွဲနေတယ့်အလုပ်တွေမလုပ်အောင်လို့ continue နဲ့အပေါ်ပြန်တက်ပါတယ်။ဘာကြောင့် အောက်က ဆွဲတယ့်အလုပ်မလုပ်စေချင်တာလဲဆို ထိသွားမှတော့ ထိသွားတယ့် bubble ကပျောက်သွားအောင်ပါ။

အကယ်လို့ မတိုက်မိပဲ ဆွဲနေတဲ့ color bubble က အောက်ရောက်သွားတယ်ဆို ကျွန်တော်တို့ draw မလုပ်တော့ပဲ နောက်အသစ်တစ်ခုအပေါ်ကနေ ကျလာအောင် ရေးထားပါတယ်။ပြီးတော့ ကျွန်တော်တို့ ရလာတယ့် frame သည် webcam ကဆို ပြောင်းပြန်ဖြစ်နေပါတယ်။အဲ့တာကြောင့်မို့ flip လုပ်လိုက်တော့ ကျွန်တော်တို့မှန်ကြည့်သလိုမြင်ရပြီး အဲ့ပေါ်မှာ အမှတ်ဘယ်လောက်ရလဲကိုရေးလိုက်ပါတယ်။ပြီးတော့ key ကိုစောင့်ကြည့်ပါတယ်။နှိပ်လိုကတဲ့ key က သာ q ဖြစ်မယ်ဆို ကျွန်တော်တို့ program ကိုရပ်လိုက်တာပါ။ဒါလေးပါပဲ။အားလုံးနားလည်မယ်လို့ယုံကြည်ပါတယ်။

ဒီprogram run မယ်ဆို dlib နဲ့ opencv installလုပ်ထားရပါမယ်။dlib facial landmark model ရှိရပါမယ်။code နဲ့ model ကိုအောက်ကလင့်ကနေ download လုပ်နိုင်ပါတယ်။installကတော့ လိုအပ်ရင် လာပြောနိုင်ပါတယ်။

Click here to download

Python Basic ကို Practical Way နဲ့ မြန်မြန်ဆန်ဆန် လေ့လာချင်တဲ့ သူများကတော့ ကျွန်တော့် online course ကို ဒီ link ကနေ ကြည့်နိုင်ပါတယ်။

Practical Python For Beginners

 

 

 

Share:

Leave a Reply