Introduction To Android Libraries For Beginners

ဒီ post ကတော့ android ကိုစလေ့လာနေတဲ့သူတွေအတွက် android libraries တွေအကြောင်း ရေးထားတာပါ။

ပထမဆုံးအနေနဲ့ “what is libraries in programming?” ပေါ့။

In computer science, a library is a collection of non-volatile resources used by computer programs, often for software development.  (definition from wikipedia).

Library တစ်ခုဆိုတာက resource တွေစုထားတဲ့အရာတစ်ခုပဲ အဲ resource မှာတော့ အကုန်ပါနိုင်တယ်ပေါ့။ အခုက ကျွန်တော်တို့ android နဲ့ပက်သက်တာပဲ ပြောမှာပါ။ android libraries တွေလဲ ဒီလိုပါပဲ,  library တစ်ခုမှာ အကုန်ပါနိုင်တယ် ရေးတဲ့သူ (သို့) company တွေက android development မှာအဆင်ပြေဖို့ ကိုယ်လိုချင်သလိုရဖို့ ရေးထားကြတာ ဖြစ်ပါတယ်။

Android libraries တွေကိုအလွယ်နည်း ၂ မျိုးပြန်ခွဲပါမယ်။ Android support libraries, Android third party libraries ဆိုပီးတော့ ၂ မျိုးပါ။ Android support libraries တွေက package နဲ့လာတာပါ။ Android Studio မှာ ပါလာပီးသားပါ မရှိရင်လဲ SDK Tools ကနေ download လုပ်နိုင်ပါတယ်။ သူကတော့ Google ကရေးထားပြီး android project တစ်ခုရေးရင် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါပါတယ်။ သူတို့က android api level အလိုက် သုံးရမှာဖြစ်ပါတယ်။ Example, v4,v7,v8 စသဖြင့် android project မှာအမြဲတွေ့မှာပါ။ v4 support library ဆိုရင် android api level 4 and higher အတွက် အသုံးပြုနိုင်ပါတယ်, v7 ဆိုရင် api level 7 and higher စသဖြင့် အဆင်ပြေအောင် လုပ်ပေးထားတာပါ။

 

သူတို့ကို Google က ကျွန်တော်တို့အတွက် support ပေးထားတဲ့ libraries တွေလို့ သိထားရင်ရပါပြီ။ အဲထဲမှာ ကျွန်တော်တို့ခေါ်သုံးနေတဲ့ class တွေအများကြီးပါပါတယ်။ အသေးစိတ်ကို အောက်က android documentation မှာသွားဖတ်နိုင်ပါတယ်။

https://developer.android.com/topic/libraries/support-library/

နောက် Library တစ်မျိုးကတော့ Third party libraries တွေပါ။

A thirdparty app is a software application that was developed by someone (a person, or a company) other than the original vendor of the platform that the app was created for. (answer form Quora).

အပေါ်ကစာအတိုင်းပါပဲ သူက third party app ကိုပြောထားတာပါ, third party library လို့ကျွန်တော်တို့ ယူဆလို့ရပါတယ်။ Third party library ဆိုတာက library တစ်ခုပါပဲ ၊ developer တစ်ယောက် (သို့) company တစ်ခုက ရေးထားတဲ့ library ပါ။ အရှင်းဆုံးပြောရရင် Google ကရေးတာမဟုတ်တဲ့ library တွေကိုပြောတာပါ။ ဥပမာတစ်ခုပြောရရင် Retrofit library ပါ။ သူက HTTP client library ဖြစ်ပြီး Square ဆိုတဲ့ open-source company တစ်ခုကရေးထားတာပါ။ ဒါ့အပြင် Image library ဖြစ်တဲ့ Glide တို့ Picasso တို့လဲ third party library တွေပါ။

အသုံးဝင်တဲ့ နာမည်ကြီး android libraries တွေကို company တစ်ခုခုကရေးတာများပါတယ်။ တစ်ဦးချင်း ရေးထားတဲ့ library တွေလဲ အများကြီးရှိပါတယ်။ Android development မှာ library ကောင်းကောင်းအသုံးပြုနိုင်ရင် app တစ်ခုက မခက်တော့ပါဘူး ၊ ကိုယ့်ဟာကို အားမရလို့ ကိုယ်ပိုင် library ရေးချင်တယ်ဆိုလဲ ရေးလို့ရပါတယ်။

Android sdk ကိုယ်တိုင်က open-source ဖြစ်တဲ့အတွက် တင်ထားတဲ့ library  တွေကလဲ အကုန် open-source တွေပါ။ တော်တော်များများက github မှာတင်ထားကြပါတယ်။ ဘယ်လိုတွေရေးထားလဲ ဘာတွေသုံးထားလဲ အလွယ်တကူရှာပြီး code တွေဖတ်နိုင်ပါတယ်။ စိတ်ဝင်စားရင် အောက်က link မှာ library တစ်ခုဘယ်လိုလုပ်ရမလဲ ၀င်ဖတ်နိုင်ပါတယ်။

https://developer.android.com/studio/projects/android-library

Libraries အကြောင်းတွေ Intro သိပီဆိုရင် ကိုယ့် project မှာဘယ်လို သုံးမလဲဆိုတာလဲ အရေးကြီးဆုံးပါ။

Android Studio က grade build system ကနေအလုပ်လုပ်တာပါ ၊ အဲအထဲမှာ library တွေကို dependencies အနေနဲ့ build ဖို့ လုပ်ပေးထားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အလွယ်အကူ library တွေကို add လို့ရတာပါ။

ကိုယ်ပိုင်ရေးထားတဲ့ library ဆိုရင် project မှာပဲထားပီး ခေါ်သုံးရုံပါ။ သူများရေးထားတဲ့ library တွေဆိုရင်တော့ ကိုယ့် project မှာသုံးနိုင်ဖို့ gradle ကနေ build ရမှာပါ။ ဥပမာ Facebook Messenger မှာသုံးတဲ့ Chat head၊ ဒါက Facebook ရဲ့ ကိုယ်ပိုင် ရေးထားတဲ့ library ပေါ့။ သူများကိုလဲ မ share ပေးထားပါဘူး၊ သူတို့ရဲ့ private library ပါ၊ ဘယ်လိုရေးထားလဲဆိုတာလဲ သိခွင့်မရှိပါဘူး။

Android library တိုင်းမှာ gradle မှာ build ဖို့ dependency တစ်ခုရှိပါတယ်၊ သူ့ရဲ့ id ပေါ့။ အဲ dependency ကိုကိုယ့် project ထဲထည့် build လိုက်ရင် library မှာရှိတဲ့ class တွေ resource တွေအကုန်ကိုယ့် project ကနေခေါ်သုံးနိုင်ပါပြီ။

GitHub မှာတင်ထားတဲ့ library တွေမှာတော့ အသုံးပြုပုံတွေ အကုန်ရေးထားကြပါတယ် ဘာအတွက်သုံးရမလဲဆိုတာ သိရင်ရပါပြီ။ android developer တစ်ယောက်အတွက် မသိမဖြစ် library တွေရှိပါတယ်၊ Google ကနေပဲ “android third party libraries every developers should know” ဆိုပီးရှာကြည့်နိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကျနော် link တစ်ခုပြချင်ပါတယ်၊ android libraries အကုန်နီးပါး၊ အသုံးဝင်တဲ့ libraries အကုန်နီးပါး ရှာပီး တင်ပေးထားတဲ့ github link ပါ။

https://github.com/thanhtoan1196/awesome-android-libraries

မရှင်းတာရှိလို့ မေးချင်ရင် minthurazaw619@gmail.com ကိုမေးနိုင်ပါတယ်။

 

 

Share:

Leave a Reply