Introduction to git version control system & basic commands

ကျွန်တော်တို့ ဒီနေမှာတော့ git version control system ကို လေ့လာကြရမှာဖြစ်ပါတယ်။ဒီ article ကို လာဖတ်တယ်ဆိုထဲက git & github ဆိုတာကို ကြားဖူးပြီးသားလို့ ယုံကြည်ပါတယ်။အဲ့တော့ မရှည်တော့ပဲ စလိုက်ရအောင်။

What is git?

git ကတော့ version control လုပ်ဖို့တွက်သုံးတဲ့ tool တစ်ခုပါ။ကျွန်တော်တို့တွေ program တွေရေးတယ် version1or 2 အမျိုးမျိုးထွက်လာတယ်ပေါ့နော်။အဲ့လိုမျိုးတွေကို သေချာထိန်းသိမ်းနိုင်အောင် လုပ်ပေးနိုင်တဲ့ tools တစ်ခုပါ။

Why do we need git?

git မသုံးဘူးပဲ ထားကြည့်လိုက်ရအောင်။ကျွန်တော့်မှာ testv1.html ပဲ ရှိတယ်ထားပါတော့။နောက်တစ်ခါ update တွေ ရေးမယ်ဆို testv2.html ဆိုပြီး သိမ်းပြီး ရေးကြမလား git ကို သုံးပြီး တစ်ခုထဲရေးပြီး ကိုယ်လိုချင်သလို version ချိန်းလို့ရအောင်လုပ်မလား။ကျွန်တော်ရော ခင်ဗျားကော git ကို ရွေးသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ project တွေရေးပြီဆို အားလုံးသိပြီးသားတိုင်း တစ်ယောက်ထဲရေးလို့အဆင်မပြေတာကော စောနကလို တစ်ခုပြီး တစ်ခု save နေမယ်ဆိုလဲ အဆင်ပြေမှာ မဟုတ်ပါဘူး။

Git Vs Github?

ကျွန်တော်ရေးတာတွေသည် မသိသေးတဲ့သူများ တွက်ပဲ ရည်ရွယ်တာမို့လို့ ဒီနေ့ article မှာ နည်းနည်းရှည်ပါမယ်။လွယ်လွယ်ကူကူ ပြောရရင်တော့ git ကတော့ version control tool တစ်ခုဖြစ်ပြီး github ကတော့ အဲ့ tool ကိုအသုံးပြုပြီး သုံးရတဲ့ hosting serviceပါ။လွယ်လွယ်ကူကူပြောရရင် code တွေသိမ်းပေးတယ်ပေါ့။

How to install git?

Git ကိုတော့ ဒီ official website ကနေ download ဆွဲ install လုပ်လို့ရပါတယ်။

For Windows User

https://hackernoon.com/install-git-on-windows-9acf2a1944f0

For Mac User

https://www.atlassian.com/git/tutorials/install-git

For Ubuntu User

Check Git installion by typing git –version

Intro ပြီးပြီဆိုတော့ basic ကို သွားကြရအောင်။

Project Structure

  • git project
    • index.html

အဲ့တော့ ကျွန်တော်တို့ git ကို install လုပ်ပြီးသွားပြီဆို project folder ထဲကို terminal ကနေ cd နဲ့ ၀င်လိုက်ပါ။example အရဆို cd your_directory/git_project/ ဆိုပြီးဝင်လိုက်ပါ။ကျွန်တော်ကတော့ git_project ရှိတဲ့နေရာဖြစ်တဲ့ cd ~/Desktop/blogging/git_project/ ဆိုပြီး ၀င်လိုက်ပါတယ်။

ကျွန်တော်တို့ လက်ရှိမှာတော့ index.html ထဲမှာ ဘာမှမရေးရသေးပါဘူး။အဲ့တော့ project folder ထဲကို ရောက်နေပြီဆိုတော့ git version control ကို စချင်တယ်ဆို git init ဆိုတဲ့ command လေးရိုက်လိုက်မယ်ဆို အောက်ကတိုင်းတွေ့ရမှာပါ။

အဲ့တော့ .git ဆိုပြီး folderဆောက်လိုက်တာတွေ့ရမှာပါ။linux မှာ ‘.’ ခံလိုက်ရင် hidden folder ဖြစ်သွားတာမို့ show hidden file ကို အမှန်ခြစ်လုပ်ထားဖို့လိုပါမယ်။

အဲ့တော့ git ကို စလိုက်ပြီဆိုတော့ ဘာတွေ လုပ်လို့ရမလဲဆိုတာကြည့်ရအောင်

ပထမဆုံး index.html ထဲမှာ အောက်က code ရေးပြီး save လိုက်ပါ။

ပြီးရင်တော့ ကျွန်တော်တို့ git status လို့ရိုက်ကြည့်လိုက်ပါ။

အပေါ်က output ကို ကြည့်မယ်ဆို ကျွန်တော်တို့ index.html ကို untracked လို့ပြနေပါတယ်။အကယ်လို့ ကျွန်တော်တို့က သူအောက်ဆုံးမှာ ပြောထားတဲ့တိုင်း git add လုပ်ကြည့်လိုက်မယ်ဆို ဒီ file က tracked file ဖြစ်သွားပါပြီ။ကဲကြည့်လိုက်ရအောင်

add လုပ်ပြီးတဲ့ အခါမှာ index.html က new file ဆိုပြီးထွက်လာတာတွေ့ရမှာပါ။ဒီနေရာမှာ ဘာကြောင့် add လုပ်ဖို့ လိုတာလဲဆိုတာသိဖို့လိုပါပြီ။အကယ်လို့ ကျွန်တော်တို့ add မလုပ်ထားဘူးဆို ကျွန်တော်တို့ ဘာတွေ changes လုပ်လိုက်လဲ ဘာတွေ commit လုပ်ဖို့လိုလဲဆိုတာမသိနိုင်ပါဘူး။commit ကတော့ ခနနေ တွေ့ရမှာပါ။အဲ့တော့ ကျွန်တော်တို့ index.html ထဲမှာ စာတစ်ချို့ထပ်ထည့်ပြီး save လိုက်ပါ။ကျွန်တော်ကတော့ Hello World နေရာမှာ Hello Pyrobocity လို့ပြင်လိုက်မယ်ဆို။

git status ပြန်ရိုက်ကြည့်တဲ့ အခါမှာ ကိုယ် ပြင်ထားတဲ့ file name ကိုတွေရမှာပါ။အဲ့တော့ status သည် ဘာတွေပြင်ထားလဲနဲ့ ကိုယ့် repository ရဲ့ အခြေအနေကိုကြည့်တာ add ကတော့ track လုပ်ဖို့နဲ့ နောက်တစ်ချိန် commit လုပ်တဲ့ခါ ပါသွားမယ့် file တွေကို ထည့်ဖို့ command ဖြစ်ပါတယ်။

Commit ကို ဆက်လေ့လာရအောင်

အခုကျွန်တော်တို့ index.html ကို add လုပ်ပြီးသားဆိုတော့ commit လုပ်တယ်ဆိုတာက record လုပ်တာပါ။ဥပမာ ငါဘာတွေ ရေးထားတယ်ဒီနေ့ ဆိုပြီး မှတ်လိုက်တဲ့ သဘောပါပဲ။ကြည့်လိုက်ရအောင်

ဆိုပြီး  -m “Your message” နဲ့ commit လုပ်လိုက်မယ်ဆို မိမိကိုယ်တိုင်ဖြစ်ဖြစ် နောက်တစ်ယောက်က ဒီ codeတွေကို ဒေါင်းပြီး အောက်ကတိုင်း ပြန်ကြည့်တဲ့အခါမှာ

ဆိုပြီး commit နောက်က random string အရှည်ရယ် Author: ရယ် ဘယ်နေ့က add လုပ်ထားတယ်ဆိုတဲ့ Date ရယ်တွေ့ရမှာပါ။Author နေရာမှာ မိတ်ဆွေတို့ အခုမှစလုပ်တယ်ဆို တွေ့ရမှာက unknown ဖြစ်ဖို့များပါတယ်။ကျွန်တော်က configure လုပ်ပြီးသားမို့ပါ။

အဲ့တော့ commit လုပ်ပြီးပြီဆိုတော့ ဘာတွေ ကောင်းသွားမလဲ ဆိုတာ ကြည့်ရအောင်။ကျွန်တော်တို့ အခု index.html ထဲမှာ Hello Pyrobocity ဆိုပြီး ဖြစ်နေပါတယ်။အဲ့တာကို ထပ် change ကြည့်လိုက်ရအောင် Hello Pyrobocity from Simp13 ဆိုပြီး။

change ပြီး ပြန် save ပြီး git status လို့ရိုက်လိုက်မယ်ဆို ရှေ့တုန်းကတိုင်းတွေ့ရမှာပါ။ဒါဆိုရင်တော့ ဘာလုပ်ရမလဲဆိုတော့ ထုံးစံတိုင်း ပြန် add မယ် commit လုပ်မယ် git log နဲ့ကြည့်မယ်။

အဲ့တာဆို ကျွန်တော်တို့ git log နဲ့ ကြည့်တဲ့ အခါမှာ updated ဆိုတဲ့ commit ကိုထပ်တွေ့ရပါပြီ။အခု လုပ်ရမှာကတော့ အကယ်လို့ ကျွန်တော်တို့ ရေးထားတာတွေကို ဥပမာ Hello Pyrobocity from Simp13 ကို နဂို ရေးထားတဲ့ Hello Pyrobocity ကို ပြန်ပြောင်းချင်တယ်ဆို ဘယ်လိုလုပ်မလဲပေါ့်နော်။အလွယ်ပြောရရင်တော့ Updated ကနေ Added ကို ပြန်သွားတဲ့သဘောပါ။

အဲ့တော့ ကျွန်တော်တို့ ဒီ commit နှစ်ခုကြားမှာ ကျွန်တော်တို့ ပြောင်းချင်တာက Hello World From Simp13 ကနေ ပြောင်းချင်တာဖြစ်လို့ သူ့ရဲံ commit number ဖြစ်တဲ့ 26eb16d9465108af08b09c664d04867d6efff90a ကိုကြည့်လိုက်ရအောင်

အနီရောင်နဲ့ အစိမ်းရောင်လေးနဲ့ ဘာကွာခြားလဲကို ပြောထားပါတယ်။ကျွန်တော်တို့ Hello World ကနေ ပြီး Hello Pyrobocity ကို သွားထားတာကိုတွေ့ရမှာပါ။ဘာကြောင့် Hello World ဖြစ်နေလဲဆို git add လုပ်လိုက်တုန်းက Hello World နဲ့ပဲ add လုပ်လိုက်တာပါ။အဲ့တာကြောင့် မိတ်ဆွေ changes တွေလုပ်ပြီး ပါစေချင်ရင် git add ပြန်လုပ်ပေးပါ။အဲ့တော့ ကျွန်တော်တို့ git revert လုပ်လိုက်မယ်ဆို အနီရောင်ဖြစ်နေတဲ့ changes ကို ပြန်ရောက်သွားပါလိမ့်မယ်။

git revert ဆိုပြီး commit ရဲ့ random string ကိုထည့်ပေးပြီး revert လုပ်လိုက်တော့ ပြန်ချိန်းသွားပြီး commit တစ်ခုသူ့ဘာ့သာ လုပ်သွားတာတွေ့ရပါမယ်။revert က သိထားရမှာပါ သူ့ဘာ့သာ commit ထပ်လုပ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။

 

Share:

Leave a Reply