Quick & Easy Way To Install OpenCV

ဒီနေ့မှာတော့ Computer Vision မှာ တော်တော်အသုံးဝင်တယ့် library တစ်ခုကို ဘယ်လိုလွယ်လွယ်ကူကူ installလုပ်လို့ရလဲဆိုတာကြည့်ရအောင်။

ကျွန်တော်တို့ အပေါ်က python libs တွေအလွယ်ကူဆုံး installလုပ်လို့ရတဲ့ pip ကိုသုံးပြီး installလုပ်လို့ရပါတယ်။ကျွန်တော်ဒါကို တင်သင့်မတင်သင့် ကြည့်နေတာပါ။ဘာလို့ဆိုတော့ သူက opencv library ကို python binary files တွေအနေနဲ့ ထုတ်ထားတော့ Error တွေများတတ်လာနိုင်လားဆိုတာစောင့်ကြည့်နေတာပါ။အခုတော့ ဘာerror မှ ကြီးကြီးမားမားမတွေ့တော့ သုံးဖို့ အဆင်ပြေပါတယ်။

ကျွန်တော့် blog post ထဲက virtualenv ကိုဘာကြောင့်သုံးသင့်တယ်ကို သွားကြည့်လိုက်ပါ။ကျွန်တော်ဘာကြောင့် virtualenv ထဲမှာ installလုပ်တယ်ဆိုတာ နားလည်သွားပါမယ်။

အဲ့တော့ installလုပ်ပြီးတာအဆင်ပြေလား testing လုပ်ကြည့်ရအောင်။

ဒါဆိုရင်တော့ opencv ကို installလုပ်ပြီးပါပြီ။အဲ့တော့ webcam ကနေ video ဖတ်တယ့် example လေးနဲ့ စလေ့လာကြည့်တာပေါ့။အော် ကျွန်တော်ပြောရဦးမယ် ကျွန်တော်တို့ computer vision က တခြား hardware တွေ deep learning စတဲ့ ဟာတွေတင်ပေးရမှာမို့ hardware တွေစုနေပါတယ်။နောက်ပိုင်း ပို့စ်တွေမှာ ဖတ်ချင်တယ်ဆို ကျွန်တော့်ကို support လုပ်ပေးတဲ့အနေနဲ့ page ကို share & review & recommend လေးလုပ်ပေးပါ။ဒါမှကျွန်တော်လဲတင်ပေးဖို့ အဆင်ပြေမှာပါ။ ကျွန်တော့်ရည်ရွယ်ချက်ကိုက လေ့လာနေတဲ့ beginners တွေအဆင်ပြေအောင် တင်ပေးနေတာမို့ မိတ်ဆွေလုပ်ပေးမယ်လို့ထင်ပါတယ်။

ကျွန်တော်တို့ ပထမဆုံး cv2 ဆိုပြီး opencv ကို import လုပ်လိုက်တယ်။ပြီးတော့ laptop ရဲ့ webcam ကိုဖွင့်မှာမို့ cam = cv2.VideoCapture(0) ဆိုပြီး camera ကိုယူတယ်။ဘာကြောင့် zeroလဲဆို ကျွန်တော့်မှာ default webcam တစ်ခုပဲရှိလို့ပါ။အကယ်လို့ camera များတယ်ဆိုရင် ကိုသုံးချင်တဲ့အလုံး numberထည့်ပါ။

ပြီးတော့ user က မပိတ်မချင်း အလုပ်လုပ်ရမှာမို့လို့ infinite loopပတ်လိုက်တယ်။

ပြီးတော့ frame ကိုပဲ ကြည့်ရမှာပါသိပ်စိတ်မပူပါနဲ့။ cam.read ဆိုပြီး camera ဖတ်ပြီး frameကိုယူတယ်။flip ကတော့ ကျွန်တော်တို့ webcam ကရလာတဲ့ ပုံသည် ဘယ်နဲ့ညာ ပြောင်းနေပါတယ်။အဲ့တာမို့ အတည့်ဖြစ်အောင် ပြန်ပြင်လိုက်တဲ့အနေနဲ့ လှည့်လိုက်တာပါ။

cv2.imshow(“image”,frame) သည် opencv မှာ ပုံကို ထုတ်ကြည့်တဲ့အခါ imshow method ကိုသုံးပါတယ်။ေ၇ှ့ကတော့ title ဖြစ်ပြီး နောက်ကတော့ numpy array data ပါ။ဒီမှာတော့ သေချာမပြောသေးပါဘူး။ကျွန်တော်တို့ တဖြေးဖြေးပဲသွားကြတာပေါ့။အဲ့တော့ ဖတ်လို့ရလာတဲ့ frame ကို အတည့်ပြောင်းတယ် ပြန်ထုတ်ပြတယ်။ဒါလေးပါပဲ။

ပြီးတော့ ကျွန်တော်တို့က image ကိုပြနေရင်းနဲ့ q key ကိုနှိပ်လိုက်ရင် ပိတ်သွားအောင်လို့ key ကိုစောင့်ပြီးဖမ်းထားတာပါ။အားလုံးနားလည်မယ်လို့ယုံကြည်ပါတယ်။ကျေးဇူးတင်ပါတယ်။

Run

 

 

Share:
Tags:

Leave a Reply