Understanding while-else in python

ကျွန်တော် ဒီပို့စ်မှာတော့ python ရဲ့ loop မှာ beginner တချို့သတိမထားမိတဲ့ while else ကိုမိတ်ဆက်ပေးပါမယ်။

while သည် looping ဖြစ်ပြီး syntax ကတော့

အဲ့လိုရေးကြပါတယ်။အဲ့တော့ ကျွန်တော်တို့ သည် 1 ကနေ 10ထိထုတ်တဲ့ ပုံစံလေးရေးကြည့်မယ်ဆို

ဒါမျိုးတွေ့ရပါမယ်။Loop တစ်ခါပတ်တိုင်း၁တိုးပေးပါတယ်။ဒီမှာ beginner တွေအနေနဲ့ သိထားရမှာက  n<=10 ဆိုတဲ့ expression ပါပဲ။သူသည် n က ၁၀ ထက်ငယ် ဒါမှမဟုတ် ညီတဲ့အထိအလုပ်လုပ်မယ်လို့ပြောထားလို့ ကျွန်တော်တို့က ၁၀ထိရောက်တဲ့ ထိ n+=1 ဆိုပြီး ၁တိုးပြီး ထုတ်ကြည့်လိုက်တော့ result ထွက်လာတာပါ။ဒါပေမဲ့ ဒီမှာပြောချင်တာက loopအကြောင်းမဟုတ်ပါဘူး။while else အလုပ်လုပ်ပုံကို ပြောချင်တာပါ။example ကြည့်ရအောင်

အပေါ်က exampleကိုကြည့်မယ်ဆို else သည် loop ကထွက်လာတဲ့အခါ အလုပ်လုပ်တာတွေ့ရမှာပါ။ဒါဆို အောက်ကလိုရေးတော့ရောဘာကွာလဲလို့မေးစရာရှိပါတယ်။

အခုလို else မခံပဲရေးလဲ အလုပ်လုပ်မှာပါပဲ။ဒါပေမဲ့ else သာမပါဘူးဆို သူသည် ဘာအကြောင်းကြောင်း  ကြောင့် loop ကရပ်သွားတာနဲ့ အလုပ်လုပ်မှာပါ။Else ကတော့လုပ်မှာမဟုတ်ပါဘူး။

အပေါ်က example ကိုကြည့်မယ်ဆို 3 ကိုရောက်တာနဲ့ loop ကရပ်မှာပါ။အကယ်လို့ loop သည် အကြောင်းကြောင်းကြောင့် ရပ်သွားတယ်ဆို else က အလုပ်လုပ်မှာမဟုတ်ပါဘူး။else သည်  n <= 10 က မှားသွားတဲ့အခြေအနေရောက်မှ အလုပ်လုပ်ပါတယ်။ကျွန်တော်တို့ n က ၁၁ ဖြစ်သွားတယ်ဆို n <= 10 ဆိုတာက မှားသွားတာမို့ loop ကနေ ထွက်သွားပြီး else ကအလုပ်လုပ်မှာပါ။အကယ်လို့သာ အောက်ကလို else မပါပဲေ၇းမယ်ဆို

အောက်ကဆုံးက print(“Else works”) ဆိုတာသည် အလုပ်လုပ်နေမှာပါ။break လုပ်ပြီးloop ကနေ ထွက်လာလဲအလုပ်လုပ်နေမှာပါ။

Output

အားလုံးကျေးဇူးတင်ပါတယ်။လိုအပ်သလိုအသုံးချနိုင်ပါစေ။

 

Share:

Leave a Reply