VirtualBox မှတ်စုများ Part-1

ဒီပို့စ်မှာတော့ virtualbox ဆိုတာဘာလဲနဲ့ vbox ကိုဘာကြောင့်အသုံးပြုပြီး window 7 os ကို တင်ပြမှာပါ။

အားလုံးဘဲ ကျနော် အခုတင်ပြပေးမှာကတော့ VirtualBox မှတ်စုများလို့ နာမည်ပေးထားပါတယ် ခင်ဗျ  အခုရေးထားတဲ့ အကြောင်းအရာကတော့ VritualBox နဲ့ ပတ်သက်လို့ အဓိကအကြောင်းလေးတွေနဲ့ computer သမား ၊ network သမားတွေအတွက်ရေးပေးတာဖြစ်ပါတယ်။

VirtualBox ဆိုတာဘာလဲ ?

Virtualbox ဆိုတာကတော့ Virtualization Technology ကိုအသုံးပြု နိုင်ဖို့ ပြု လုပ်ထားတဲ့ software တခုဖြစ် ပါတယ်။ Open Source ဖြစ်ပြီးတော့ freeware ဖြစ်ပါတယ် ။ VirtualBox ပေါ်မှာကျနော်တို့  က Windows or Other OS တွေကို သုံးပြီးတော့ စမ်းသပ်တဲ့နေရာမှာအသုံးများပါတယ် ။

ပုံစံ အနေနဲ့ ပြရမယ် ဆို ရင်တော့ ဒီလိုမျိုးပါ ။ နောက်တခုကတော့ virtualbox ကိုဘာလို့ခေါ်သေးလဲဆိုတော့  hypervisor ဆို တာပါ hypervisor ဆို တာက တော့ virtual machine (VM) တွေကို run နိုင်အောင်လုပ် ပေးတဲ့ program တခုလို့ခေါ်ဆိုနိုင်ပါတယ်။ hypervisor အနေနဲ့  နှစ်မျိုး ခွဲခြားနိုင်ပါ တယ် ။ Typer I hypervisor နဲ့ Type II hypervisor ဆို ပြီးတော့ ပါ။ VirtualBox ကိုတော့ type I hypervisor ဆိုပြီးတော့သတ် မှတ်နိုင်ပါတယ်။ ဒီမှာကတော့ ကျနော့် အနေနဲ့ ပေါ့ပေါ့ ပါးပါး နဲ့ အသုံးဝင်တဲ့ အကြောင်းအရာ virtualbox ကို ဖော်ပြပေးသွားမှာပါ။

VirtualBox ကို ဘာအတွက် အသုံးပြု တာပါ လဲ ?  

virtualbox ကို အဓိက သုံးခြင်း ရည်ရွယ်ချက် ကတော့ စမ်းသပ် တဲ့ နေရာမျိုး မှာသုံး ပါတယ် ။ Software တွေသုံးတဲ့ အခါ၊ OS တွေစမ်းတင် တဲ့ အခါမျိုး မှာ ၊ network server တွေစမ်းသပ်တဲ့ နေရာမျိုး ၊ အထူးသဖြင့် IT ပိုင်းဆိုင်ရာ သင်တန်းမျိုးတွေမှာ အသုံးများပါတယ် ။

ကျနော် အနေနဲ့ အပိုင်းပိုင်း ခွဲပြီးတော့ ပြောပြသွားပါ့ မယ် ။

ပထမအဆင့် အနေနဲ့ ကတော့ VirtualBox software ကို အရင်ဆုံး Install လုပ်ပြပါ့ မယ် Windows 10 မှာ လုပ် ပြမှာ ပါ ။ VirtualBox ကို စတင် installလုပ်ပြီးအသုံးပြုတော့ မယ် ဆို ရင် သိထားရမယ့် အချက်တွေကိုပြောပြပါမယ်။

Recommendation ကတော့  cpu ကတော့ 64 bit processor ဖြစ်တာကတော့ အကောင်းဆုံး ပါ။

Operating System ကလည်းဘဲ  64 bit base OS ဖြစ်ရပါမယ် ။ ကိုယ်တိုင်ရဲ့ BIOS မှာလဲ ဘဲ Intel Virtual Technology ကို Enable လုပ်ပေးရပါမယ် ။ windows command ကနေပြီးတော့လည်း Enable လုပ်ထားလားဆို ပြီးတော့ စစ်ကြည့် လို့ ရပါတယ်။

  • Run cmd and type systeminfo

       ဒါကတော့ BIOS မှာ Intel Virtual Technology ကို Enable လုပ်ပေးထားလားဆိုတာကိုကြည့် ရမှာပါ။မဟုတ်ရင်သုံးလို့ မရပါဘူး

ပြီးရင်တော့ ဒုတိယတခုဖြစ်တဲ့  Virtualization Enable In Firmware မှာ Yes လို့ ပြထားပါတယ် ဒါဆိုရင်တော့ ဆက်သွားလို့ ရပါပြီ။ VirtualBox ကို စပြီးInstall လုပ်ပါမယ်…..

install လုပ်တော့မယ် ဆို တော့ software ကဘယ် ကDownload ဆွဲရမလဲ ဆိုရင် official website ကနေပြီးတော့ဆွဲပါ ဒါကပိုပြီးတော့ စိတ်ချ ရပါတယ်။  link https://www.virtualbox.org/    

ပြီးကျရင်တော့ VBox software ရလာပါလိမ့် မယ် သူကတော့ .exe extension နဲ့ setup file လေးဖြစ် ပါ တယ် ။ သူ့ ကို run ပြီး install လုပ်လိုက်ပါ ဒါဆိုရင်တော့  Vbox ရဲ့ ပထမဦးဆုံး ပုံစံကိုတွေ့ ပါလိမ့် မယ်။

နောက်တခုကတော့ အခုရလာတာကတော့ hypervisor တခုပါ အခွံ ကြီးပေါ့ အဲ့ ထဲ မှာ OS တွေတင်ရပါဦးမယ် လောလော ဆယ် ကတော့ အခု virtualbox မှာwindows7အရင်တင်ပြပါဦးမယ်။

VirtualBox တွင် Windows OS တင်ခြင်း

VirtualBox မှာ Windows တင်တော့ မယ် ဆိုရင်တော့ အဓိက ကိုယ်တင်ချင်တဲ့ Windows disk image လိုအပ်ပါတယ် windows iso ကိုပြောတာပါ။ windows 7 တင်မှာဆိုတော့windows7 isoလိုပါမယ်။ဒါဆိုရင်စတင်ပါတော့မယ်။

 

 

 

 

 

 

 

 

 

 

ပုံမှာပြထားတဲ့အတိုင်း New ကိုနိုပ်ပါ။

ပြီးရင်တော့ ဒီလိုပုံလေးကျလာပါလိမ့်မယ်။ ဒါမှာ Name နေရာမှာ မိမိကြိုက်တာပေးနိုင်ပါတယ်ကျနော်ကတော့Windows7လို့သာပေးလိုက်ပါမယ်။တခုရှိတာကဒီနေရာမှာနောက် OSတခုထပ်တင်ပြီဆိုပေးပြီးသားနာမည်ပေးလို့မရတော့ပါဘူး။

ပြီးရင်တော့ ဒီလိုပုံလေးကျလာပါလိမ့်မယ်။ ဒါမှာ Name နေရာမှာ မိမိကြိုက်တာပေးနိုင်ပါတယ်ကျနော်ကတော့Windows7လို့သာပေးလိုက်ပါမယ်။တခုရှိတာကဒီနေရာမှာနောက် OSတခုထပ်တင်ပြီဆိုပေးပြီးသားနာမည်ပေးလို့မရတော့ပါဘူး။

ဒါကတော့ memory size သတ်မှတ်ထားတာပါ။ 800MB ပေးလည်းရပါတယ်။ Memory size အပြင်က Physical memory ကိုတကယ်သွားယူလို့ VBox သုံးတဲ့ စက်ဟာ memory(RAM)size

အနည်းဆုံး 4GBလောက်တော့ရှိရပါမယ်။OK ပါနောက်ဆက်သွားရအောင်…

နောက်တခုကတော့ VirtualBox အတွက် virtual hard disk ရွေးပေးရပါမယ်။ virtual hard disk ဆိုတာကတော့ Virtual OS တင်တဲ့အခါမှာသိမ်းပေးမှာဖြစ်ပါတယ်။Virtual hard diskတွေဟာwindowsပေါ်မှာ တကယ်နေရာယူပါတယ် သင့်အနေနဲ့virtual hard disk ကိုspace သတ်မှတ်ပေးရပါတယ်။ virtual hard disk ကို 25GB ပေးလိုက်မယ်ဆိုရင် windows ရဲ့ အောက်မှာနေရာသွားယူပါတယ်။ location ကတော့ အောက်မှာပြထားပါတယ်။

ဒါကတော့ location ကိုပြထားတာပါ။သင့်အနေနဲ့createလုပ်ထားတဲ့ VMတွေအားလုံးဟာဒီlocation

မှာနေရာသွားယူပါတယ်။ပြောချင်တာကပုံမှာပြထားတဲ့ folderဟာVboxမှာcreate လုပ်ထားတဲ့ windows 7ပါသူ့ရဲ့sizeကတော့ 25GBလို့ပြပါလိမ့်မယ် Windowsတင်ပြီးတဲ့အခါမှာပေါ့

ဒါကတော့ memory sizeရွေးပြီးသွားရင် Hard disk sizeကိုေ၇ွးတာပါ။ဒါဆိုရင်တော့ပုံမှာပြထားတဲ့အတိုင်းnext>next>လုပ်သွားပါ။ဒါဆိုရင်တော့

hard disk size ကိုရွှေးခိုင်းတဲ့ boxကျလာပါလိမ့်မယ်။

Next လုပ်ပေးပါ။

Next ထပ်လုပ်ပေးပါ။ပြီးရင်တော့ အောက်လိုfile location နဲ့ hard disk sizeရွေးပေးလို့ရပါတယ်။

ပြီးရင်တော့ Windows တင်တာအတွက်ကနဦးပြီးပါပြီ။ အဲ့ဒီထဲ မှာမှWindows တင်ပေးရမှာပါ

ပြီးကျရင်တော့ ခုလို start လုပ်ပြီးတော့သွားနိုင်ပါပြီ။

VirtualBox မှာWindows 7စတင်တော့မယ်ဆိုရင်Vboxကိုstartကိုနိုပ်လိုက်ပါ။အခုလိုတွေ့ရပါမယ်

ဒါကတော့ Windows တင်ရင်လိုအပ်မယ့် isoအခွေကိုထည့်ပေးရမှာပါ။ထည့်ပေးပြီးရင်တော့ ရပါပြီ။

ဒီနေရာမှာတော့ Windows တင်တဲ့အဆင့်ကိုမပြောတော့ပါဘူး။ Windowsမတင်တက်ဘူးဆိုရင်တော့နောက်မှထပ်တင်ပေးပါတော့ မယ်။

Note that:  VBox ကို start နိုပ်တာမတက်လာဘူး error ပြနေတယ်ဆိုရင်တော့ VBox version ချိန်းပေးရပါမယ်။

   ဒီမှာကတော့windows isoထည့်ပေးဖို့အတွက် ဘယ်ဘက်က folderအ၀ါလေးကိုနိုပ်ပါ။

ပြီးကျရင်တော့ iso ကိုရွေးပေးပြီးရင်ရပါပြီ။

ပြီးတော့ Open နိုပ်ပါ။ ပြီးရင်တော့ start ကိုနိုပ်ပါ။

ပြီးရင်တော့မြင်နေကျ Windows တင်တဲ့ပုံစံကိုတွေနိုင်ပါပြီ။

OK ပါဒါဆိုရင်တော့ ကိုယ့်တိုင်တင်ကြည့်ကြပါလို့ ။

 

အခု article ကတော့အဓိက basic virtualbox မသုံးရသေးသူတွေကို ရည်ရွယ်ပါတယ်။နောက်ပိုင်းကတော့ ဘာတွေလာမလည်းဆိုရင် ပိုပြီးကောင်းတဲ့သူ့feature တွေကိုဆက်တင်ပေးသွားပါ့မယ်။ VM နဲ့ပတ်သက်လို့ managment ပိုင်း setting ပိုင်းကိုတင်ပေးသွားပါ့မယ်။

Subscribe

နောက်တင်မဲ့ ပို့စ် တိုင်းကို မိတ်ဆွေတို့ရဲ့ Email Inbox ထဲကို ပို့ပေးနိုင်အောင် Email ကို အောက်က form ထဲမှာ ကျေးဇူးပြုပြီး subscribe လုပ်ပေးပါ။နောက်အဆင့်ကတော့ မိတ်ဆွေတို့ရဲ့ Inbox,Promotions tab,Spam tab တို့ထဲမှာ pyrobocityရဲ့  mailကိုရှာပြီး confirm လုပ်ပေးရုံပါပဲ။ကျေးဇူးတင်ပါတယ်။

Subscribe to our mailing list

* indicates required

 

Thanks for your attention

From Pyrobocity , EMH

 

Share:
Tags:

Leave a Reply